လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၅) ရက်နေ့၊နံနက် (၁၀း၀၀) အချိန်တွင် လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမ၌ ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၈၀၀) အိမ်ထောင်စုအတွက် (၁)အိမ်ထောင်စုလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း(၄၀,၀၀၀,၀၀၀ိ/-)အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#eq
#npt_July_2025
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး