ဘားအံမြို့၊ အ-ထ-က (ဘားကပ်) ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၅ )ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ ဘားအံမြို့၊ အ-ထ-က (ဘားကပ်) တွင် ဆရာ/ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း(၃၆၀)ဦးတို့အား   သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ဘေး(၉)မျိုး လက်ကမ်းစာစောင် (၃၆၀) စောင်၊ ဗလာစာအုပ်၊ ဘောပင်များနှင့် မိုးကြိုးဘေးအသိပညာပေးဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင် ရွက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

#ar

#‌kyn_June_2025

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events