မြောင်းမြမြို့နယ်၊ ပါရာဒိုက်(ပရဟိတဂေဟာ) ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၂၅ )ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မြောင်းမြမြို့၊ ပါရာဒိုက် (ပရဟိတဂေဟာ) တွင် ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊ ပါရာဒိုက် (ပရဟိတ ဂေဟာ)မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ စုစုပေါင်း(၃၀)ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌ayy_June_2025

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events