မြောင်းမြမြို့နယ်၊ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၂၅-၆-၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီ အချိန်ထိ မြောင်းမြမြို့နယ်၊ သူနာပြုသင်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ/ ဆရာမ များ၊ ကျောင်းသား/ ကျောင်းသူ (၃၀၀) ဦးတို့အား ဦးစီးဌာနမှလုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှု များ၊  သဘာဝဘေးနှင့်ပတ်သက်သည့်  ဆောင်ရန်/ ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီး အန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jun_2025

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events