မြစ်ရေကြီးမှုအခြေအနေသတင်း

၂၀၂၅ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ မြစ်ရေကြီးမှုအခြေအနေသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Source: DMH

Sign Up

Upcoming Events