အိမ်မဲမြို့နယ်၊ ပျဥ်းမကုန်းကျေးရွာအုပ်စု၊ ပျဥ်းမကုန်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊   မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပျဥ်းမကုန်းကျေးရွာအုပ်စု၊ ပျဥ်းမကုန်းကျေးရွာ၌(၂၈-၅-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်  လေပြင်းဘေးကြောင့် (တစ်စိတ်တစ်ပိုင်းပျက်စီး /ပြိုကျပျက်စီး)ခဲ့သော လူနေအိမ် (၇) လုံးအတွက် အိမ် ဆောက်ပစ္စည်းရန်ပုံငွေ (၅၂၀,၀၀ဝိ/-)၊  အိမ်ထောင်စု(၇)စုမှ ဘေးသင့်ပြည်သူ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၆၀,၀၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၆၈၀,၀၀၀ိ/-)၊ တန်ဖိုး(၁၀၇၆၇၈/-)ရှိကယ် ဆယ်ရေးပစ္စည်း (၁၆) မျိုး (စက္ကူပုံး)ပါ(၄)ပုံးတို့အား (၃၀-၅-၂၀၂၅) ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#npw_may_2025

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး

 

Sign Up

Upcoming Events