၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ မြန်မာစံတော်ချိန် (၀၈:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ မြစ်ရေကြီးခြင်းသတိပေးချက်” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိ ပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါ သည်။
Source: DMH