လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်း မြခရိုင်၊ မြောင်းမြမြို့နယ်၊ လူတော်ကျေးရွာအုပ်စု၊ လူတော်ကြီး ကျေးရွာနှင့် ကညင်ဂဲကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာတို့၌ (၂၇-၅-၂၀၂၅)ရက်နေ့နှင့် ကြာဖူးငုံလက်ပံကျေးရွာအုပ်စုနှင့် အမှတ်(၁၀) ရပ်ကွက်တို့၌ (၂၈-၅-၂၀၂၅)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းဘေးကြောင့် (တစ်စိတ်တစ်ပိုင်း ပျက်စီး/ ပြိုကျပျက်စီး)ခဲ့သော လူနေအိမ်(၉) လုံးအတွက်အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၅၀,၀၀ဝိ/-)၊ အိမ်ထောင်စု (၉) စုမှ ဘေးသင့်ပြည်သူ(၃၆)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၈၀,၀၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံ ငွေ (၉၃၀,၀၀၀ိ/-)၊ တန်ဖိုး(၁၀၇၆၇၈/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (စက္ကူပုံး)ပါ(၆)ပုံးတို့အား (၂၉-၅-၂၀၂၅)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may_2025
Source: မြောင်းခရိုင်ဦးစီးမှူးရုံး