လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၅-၂၀၂၅)ရက်နေ့ (၀၁:၃၀)နာရီ အချိန်တွင် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်နှင့် ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်၍ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၅၀,၀၀၀ိ/-) နှင့် လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၅,၀၀ဝိ/-) စုစုပေါင်းကျပ် (၂၃၅,၀၀၀ိ/-) အား (၂၈-၅-၂၀၂၅) ရက်နေ့( ၁၂:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#npw_may_2025
#Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး