ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊   မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာနှင့် မြင်းကချောင်းကျေးရွာတို့၌ (၂၆-၂-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်  လေပြင်းဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁၈) လုံး အတွက်အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁,၈၀၀,၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀,၀၀ဝိ/-)၊ အိမ်ထောင်စု(၂၁)စုမှ ဘေးသင့်ပြည်သူ (၆၉)ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၄၄,၉၀၀ိ/-)၊ တန်ဖိုးငွေ(၁၀၇,၆၇၈/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (စက္ကူပုံးပါ) (၁၈)ပုံး၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃,၉၄၃,၁၀၄/-) အား (၂၁-၃-၂၀၂၅)ရက်နေ့ (၁၄း၀၀) နာရီ အချိန်တွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါသည်။

#ha_sgw

#‌ayy_mar_2025                                                                           

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး  

Sign Up

Upcoming Events