ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် လေပြင်းဘေးထောက်ပံ့မှုပြီးစီးမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၅) ရက်နေ့၊ (၁၈:၁၅) နာရီအချိန်၌ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း မိုးသည်း ထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၄) လုံး (လုံးဝပျက်စီး)၊ နေအိမ် (၆) လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး) အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၂၈) ဦးတို့ လေဘေးသင့်ခဲ့ပြီး အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၅၈၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ပစ္စည်းတန်ဖိုး (၄၁၇၀၂၄/-) တို့အား ၁၈-၃-၂၀၂၅ ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#‌ygn_mar_2025

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events