ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဒေါဖျာကျေးရွာအုပ်စု၊ ဒေါဖျာကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဒေါဖျာကျေးရွာအုပ်စု၊ ဒေါဖျာကျေးရွာတွင် (၂၃-၂-၂၀၂၅) ရက်နေ့၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပြီး နေအိမ်(၁၆)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ (၆၀) ဦးတို့ ဘေးသင့်ခဲ့ပါသည်။ လေပြင်းဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀၀,၀၀၀-)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၀,၀၀၀-) အား ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ဘေးသင့်ပြည်သူများထံသို့ (၂၈-၂-၂၀၂၅)ရက်နေ့တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#‌krn_mar_2025

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events