လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၅)ရက်နေ့ (၂ဝး၂၀)နာရီ အချိန်ခန့်၌ သထုံမြိုနယ်၊ မရမ်းကုန်းကျေးရွာ၌ မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)နှင့် လူဦးရေ(၇)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၄၇၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၂၁၄၇၀၀ိ/-) တို့အားလည်းကောင်း၊ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတန်ဖိုးငွေ (၁၉၀၇၆၇/-) အားလည်းကောင်း (၁၅-၁-၂၀၂၅) ရက်နေ့ (၁၃:၃၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_jan_2025
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)