ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ (၂၃-၁၀-၂၀၂၄) ရက်နေ့ (၁၀:၀၀) မှ (၁၂:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညိုအခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၀၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး မျှဝေခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာတို့အားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌npw_oct_2024

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events