လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပေါက်တိန်းကျေးရွာအုပ်စု၊ ထုံးချောင်းကျေးရွာ၌ (၂၀-၁၀-၂၀၂၄) ရက်နေ့(၁၉:၀၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်လဲကျခဲ့သဖြင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ (၁)ပုံး၊ ဌက်ကျကျေးရွာအုပ်စု၊ ဌက်ကျကျေးရွာ၌ (၂၀-၁၀-၂၀၂၄) ရက်နေ့ (၁၉:၂၀)နာရီအချိန်တွင် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၅၀,၀၀ဝ/-)၊ စုစုပေါင်းအိမ်ခြေ(၂)၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၆,၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၆၆,၈၀၀/-)ကျပ်အား (၂၁-၁၀-၂၀၂၄)ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_oct_2024
Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)