သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၄) ရက်နေ့တွင် အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ မြစ်၊ ချောင်း၊ ကမ်းပါးနှင့်နီးသော ရပ်ကွက်များဖြစ်သည့် အောင်လံမြို့နယ်၊ မကျီးကုန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ကန်ကြီးရပ်ကွက်၊ စမ်းချောင်းရပ်ကွက်၊ စက်ရုံရပ်ကွက်နှင့် ရွာထောင်ရပ်ကွက်တို့တွင် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို ပြည်သူများသိရှိနိုင်စေရန် လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_Jul2024
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events