သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သောလေဘေးအတွက် ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၄) ရက်နေ့ (၁၉း၁၀)နာရီ အချိန်ခန့်တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၌ လေပြင်းတိုက်ခတ်မှု​ကြောင့် ပျက်စီးခဲ့သော အမိုးလန်နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၀,၀၀၀ိ/-) နှင့် ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ( ၃၃,၆၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၅၃,၆၀၀ိ/-) တို့အား (၄-၆-၂၀၂၄) ရက်နေ့ (၁၃:၀၀) နာရီအချိန်ခန့်တွင် သထုံမြို့​နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌  ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha-sgw

#mon_jun_2024

Source: သထုံခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events