ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့သစ်အရှေ့ရပ်ကွက်၊ အထက (၂) ကျောင်းလမ်းတွင် ဖြစ်ပွားခဲ့သောလေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်) မှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၂၄) ရက်နေ့ (၁၄:၁၀) အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့သစ်အရှေ့ရပ်ကွက်၊ အထက (၂) ကျောင်းလမ်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝိ/-)၊ လေဘေးသင့်အိမ်ထောင်စု(၁)စု၊ ကျား(၄)ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝိ/-)နှင့် စုစုပေါင်းထောက်ပံ့ငွေ (၆၂,၆၀ဝိ/-)တို့အား (၃၀-၅-၂၀၂၄) ရက်နေ့ (၁၃:၃၀) အချိန်တွင် သန်လျင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ygn_jun_2024

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events