သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၄) ရက်နေ့တွင် ရာသီဥတုပြောင်းလဲမှုများကြောင့် အပူချိန်မြင့်မားမှုများဖြစ်ပေါ်နေပါသဖြင့် လတ်တလောသောက်သုံးရေ လိုအပ်မှုရှိနေသည့် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ  ကင်မွန်းခြုံကျေးရွာရှိ လူဦးရေ(၃,၅၅၉)ဦး၊ ဘိုကလေးကျေးရွာရှိ လူဦးရေ(၁,၅၄၇)ဦးတို့  သောက်သုံးရေ(၁,၀၀၀)ဂါလံနှင့် သုံးရေ (၃,၂၀၀) ဂါလံအား ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg

#ygn_may _2024

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events