မြောင်းမြမြို့နယ်၊ မြဟေမာရပ်ကွက်၊ ကွမ်းခြံ (၂) လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြဟေမာရပ် ကွက်၊ ကွမ်းခြံ(၂)လမ်း၌ (၂၆-၄-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၂၀,၀၀ဝိ/-)၊ လူဦးရေ (၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈,၉၀ဝိ/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၃၀,၉၇၂/-)နှင့် (၉၂,၀၇၂/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၂)ပုံးတို့အား (၂၇-၄-၂၀၂၄)ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_apr 2024

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events