ပျဥ်းမနားမြို့နယ်၊စက်ရုံကျောင်းနှင့် မြတ်ဆုမွန်(သစ်လေးလုံး)ကျောင်းတို့၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၄.၂၀၂၄)ရက်နေ့၊(၁၀း၀၀)အချိန်မှ (၁၂း၀၀) အချိန်ထိ ပျဥ်းမနားမြို့နယ်၊စက်ရုံကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၅း၃၀)အချိန်ထိ မြတ်ဆုမွန်(သစ်လေးလုံး)ကျောင်းတွင် ကျောင်းသား/ သူ(၅၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေးလက်ကမ်းစာ စောင်၊ နံရံကပ်ပိုစတာများ၊ ဗီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_ar

#npt_Apr_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events