ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၄) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ (၁၀:၃၀)နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန်မူကြိုကျောင်း၌ ကျောင်းသား/သူ (၃၀)ဦးတို့အားလည်းကောင်း၊ (၁၃:၃၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်ထိ၊ ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသား/သူ(၆၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၉၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး နံရံကပ်ပိုစတာများ ပေးအပ်ခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်း၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ar

#npt_apr2024

Sign Up

Upcoming Events