ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာ အုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်း ကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ (၁၂-၄-၂၀၂၄)ရက်နေ့၊ (၁၆:၃၀)နာရီအချိန်ခန့်မှ (၁၈:၀၀)အချိန်ခန့်ထိ ဖြစ်ပွားခဲ့သော  ​လေဘေးကြောင့် ပျက်စီးခဲ့သော တစ်စိတ်တစ်ပိုင်းနေအိမ် (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေကျပ် (၆၀၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၆၀)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေကျပ် (၁၂၆၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ ငွေကျပ် (၇၂၆၀၀၀ိ/-) တို့အား (၁၃-၄-၂၀၂၄)ရက်နေ့၊ နေ့လည်(၁၅း၃၀) အချိန်တွင် တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#npw_apr_2024

Source:     ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events