တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ရွှေကြာ (၅) လမ်း၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၂၄) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ရွှေကြာ (၅)လမ်းတွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-) ကျပ်၊ ဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၁၀,၅၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁‌၁၀,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)စုစာအား (၂-၄-၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀)အချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#tny_apr_2024

Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events