သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ကျုံမရေကျေးရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၃-၃-၂၀၂၄) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်ခန့်၌ သန်လျင်ခရိုင်၊ ခရမ်း မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ကျုံမရေကျေးရွာတွင် ဦးထွန်းလင်း (ခ) ဦးဘိုထွန်း  (ဘ) ဦးဘအောင်၏ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း၊ မြေစိုက်နေအိမ်တွင် မီးကြွင်း မီးကျန်မှ  မီးစတင်လောင်ကျွမ်းခဲ့ရာ  ဦးမြင့်စန်း၊ (ခ)ဦးကုလား (ဘ)ဦးသောင်း ပိုင်ဆိုင်သော  သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း၊ မြေစိုက်နေအိမ်အား   ထပ်မံကူးစက်လောင်ကျွမ်းခဲ့ရာ  စုစုပေါင်းနေအိမ် (၂) လုံး (လုံးဝပျက်စီး)၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦးတို့မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၁၈၉၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ပစ္စည်းတန်ဖိုး (၁၄၉၈၄၈/-) တို့အား (၂၈-၃-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၂း၃၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_mar_2024

Source:  ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events