မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဦးဘချိုလမ်း၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ ဦးဘချိုလမ်း၌ (၂၁-၃-၂၀၂၄) ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးနေအိမ် အုတ်ညှပ်(၂)ထပ်တိုက်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀ိ/-)၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၄၂၀၀ိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၀၄၂၀၀ိ/-)တို့အား (၂၁-၃-၂၀၂၄)ရက်နေ့၊ (၁၈:၃၀)အချိန်တွင် လည်ကောင်း  မီးလောင်ကျွမ်းမှုကြောင့် ထောက်ပံ့ရန် ကျန်ရှိသော စျေးဆိုင်ဖွင့်ထားသည့် မီးဘေးသင့်နေအိမ်တွင် နေထိုင်သည့်မိသားစုဝင် (၃)ဦးအတွက် ဆန်ရိက္ခာ ရန်ပုံငွေ (၆၃၀၀ိ-)အား (၂၆-၃-၂၀၂၄)ရက်နေ့၊ (၁၆:၀၀) အချိန်တွင် မြောင်းမြမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်းရှိ မီးဘေး သင့်ပြည်သူများလက်ဝယ်သို့  သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_mar_2024

Source:  မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events