မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၂၄)ရက်နေ့၊ (၂၂:၃၀)နာရီအချိန်ခန့်တွင် နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးလောင်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀,၄၂၀ဝိ/-)၊ ထောက်ပံ့ငွေ (၄၆,၀၃၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)အိမ်ထောင်စာတို့အား (၂၈-၃-၂၀၂၄)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတဆင့် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#mdy_mar_2024

Source: နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events