ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ကျေးရွာများ၌ လေပြင်းဘေးကြိုတင် ပြင်ဆင်နိုင်ရေးအတွက် အိမ်ထောင်စုအလိုက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ (သရက်တော၊ ပိုးစာတော၊ မသိမ်၊ ဘုန်းကြီးလျှို၊ စည်ပင်သာ) ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့် မွမ်းမံပြင်ဆင်နိုင်ရန် အိမ်ထောင်စု (၃၅)လုံးအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ အိမ်ထောင်စုအလိုက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား (၁၁-၃-၂၀၂၄)ရက်နေ့၊ (၁၀း၃၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#prep_sgw

#npw_mar_2024

Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events