ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ မိဿလင်ကျေးရွာအုပ်စု၊ မိဿလင်ကျေးရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့ မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မိဿလင်ကျေးရွာအုပ်စု၊ မိဿလင်ကျေးရွာတွင် (၅-၃-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)၊ အိမ်ထောင်စု(၂)စုမှ စုစုပေါင်းလူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၀၅၀၀/-)ကျပ်၊  ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂) အိမ်ထောင်စာ(၉၂၀၇၂/-)နှင့် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၁၀၅၀၀/-)ကျပ်အား (၇-၃-၂၀၂၄)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_mar_2024

Sourceရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events