ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်း မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့၊ ​တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်းတွင် (၆.၃.၂၀၂၄)ရက်​နေ့၊ (၁၇း၃၅)နာရီအချိန်၌ ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် မီး​လောင်ပျက်စီး​ခဲ့သောနေအိမ်(၁၀)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁,၄၀၀,၀၀ဝိ/-)၊ ​ဘေးသင့်လူဦး​ရေ(၂၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ(၅၈,၈၀ဝိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ(၁,၄၅၈,၈၀ဝိ/-)နှင့် ထောက်ပံ့ငွေ (၅၅၃,၂၁၆/-) တန်ဖိုးရှိ ကယ်ဆယ်​ရေးပစ္စည်း (၁၇) မျိုးပါ (၁၀)အိမ်ထောင်စာ ၊ အလှူပစ္စည်း JICA ​စောင်(၁၀)ထည်နှင့်  အိပ်ယာခင်း(၁၀)ခု၊ UNICEF တာ​ပေါ်လင် (၁၀)လိပ်နှင့် ကာ​​ဘော်လိပ်ဆပ်ပြာ(၂၀)​တောင့်တို့အား (၇.၃.၂၀၂၄)ရက်​​နေ့၊ (၁၂း၁၀)နာရီအချိန်တွင် သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများထံသို့ လက်၀ယ်အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_mar_2024

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events