ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ ဝါသလကျေးရွာ မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး စီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်း၍ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီး ကျေးရွာအုပ်စု၊ ဝါသလကျေးရွာတွင် (၃.၃.၂၀၂၄)ရက်နေ့၌ ဖြစ်ပွားသောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-)၊ အိမ်ထောင်စု(၃)စုမှ စုစုပေါင်း လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀ိ/-)၊ ထောက်ပံ့ငွေ (၁၃၈,၁၀၈/-)  တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၃) အိမ်ထောင်စာနှင့် စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ငွေ (၆၁၆,၈၀၀ိ/-) တို့အား(၄-၃-၂၀၂၄)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_fir

#ayy_mar_2024

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events