ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အင်းလျာကုန်းအုပ်စု၊ အင်းလျာကျေးရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ရေကြည်မြို့နယ်၊ အင်းလျာကုန်းအုပ်စု၊ အင်းလျာကျေးရွာတွင် (၈-၂-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၁)စုမှ စုစုပေါင်းလူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၄၂၀၀/-)ကျပ်၊  ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁) အိမ်ထောင်စာ (၄၆၀၃၆/-)ကျပ်နှင့် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀၀/-)ကျပ်အား (၈-၂-၂၀၂၄)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_feb_2024

Sourceရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events