ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု/ရွာရှိ သရက်တပင် (အ.ထ.က)၌ သဘာဝဘေး အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထွေ/အုပ်၊ ကျန်းမာ​ရေး၊ မီးသတ်၊ ပြန်/ဆက်၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၈-၂-၂၀၂၄)ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်အထိ မင်းလှမြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု/ရွာရှိ သရက်တပင် (အ.ထ.က)၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ အင်အား(၁၂၀)ဦးခန့်တို့အား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေး ဆောင်ရွက်ပြီး ဘောပင်များ၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ကျောင်းအုပ်ဆရာမကြီးထံသို့ မြေပြိုဘေး၊ လေပြင်းဘေး၊ ငလျင်ဘေးဗီနိုင်းပိုစတာများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#bgo_feb_2024

Sourceမင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events