လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၂၃) ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၁:၃၀)နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊ ပန်းတင်(အ.မ.က) စာသင်ကျောင်း၌ ကျောင်းသား/သူ (၈၀)ဦးတို့အားလည်းကောင်း၊ (၁၃:၀၀)အချိန်မှ (၁၄:၃၀)နာရီအချိန်ထိ သပြေတန်း (အ မ.က) စာသင်ကျောင်းတွင် ကျောင်းသား/သူ(၅၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၃၀)ဦးတို့အား သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင် ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ဘောလ်ပင်၊ ခဲတံနှင့် ဗလာ စာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ar
#npw_nov2023