(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၂၂းဝ၀)နာရီ
အချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၂၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင်(၁၂၀)ခန့်၊ ပါရာဒစ်မြို့၏ တောင်- အနောက်တောင်ဘက် မိုင်(၂၆၀)ခန့်၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ အနောက်တောင်ဘက် မိုင်(၄၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီးနောက်၊ အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ နောက်(၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေအနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၂၁း၃၀)နာရီအချိန်တွင်
မြောက်လတ္တီကျု (၁၆.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၇)ဒီဂရီတွင်ရှိွပီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။
နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
(က) အဆိုပါမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်း လာမည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။
Source : DMH