သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာလေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် (ထရန်ကာ၊ ထနိမိုး) နေအိမ် (၅) လုံး ပြိုကျပျက်စီး၊ (၁) ထပ်တိုက်  (၂) လုံး အမိုးလန်ပျက်စီး၊ (ပျဉ်ကာ၊ သွပ်မိုး) (၄) လုံး၊ အမိုးလန် ပျက်စီးခဲ့သည့် အိမ်ထောင်စု (၁၁) စုရှိ လူဦးရေ  (၄၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ  (၇၈၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၅) စုစာ ပစ္စည်းတန်ဖိုး (၂၃၁,၈၂ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၉၅,၈၂ဝ/-)  ကျပ်တို့အား (၄-၈-၂၀၂၃) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#ygn_aug2023

Sign Up

Upcoming Events