ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၂၅-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၂၅-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် (၉၉.၉၂%) ဆက်သွယ်ရရှိ ပြီးဖြစ်ပါသည်။

ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (176,402) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။

ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် အင်အား(၁,၆၈၂)ဦးနှင့် မီးသတ် တပ်ဖွဲ့ဝင်အင်အား (၄20) ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအနေဖြင့်  မြို့နယ်ပြည်သူ့ ဆေးရုံ/ တိုက်နယ် ဆေးရုံများတွင် ပြင်ပလူနာ(၄၃,792)ဦး၊ ဆေးရုံတက်လူနာ (၂၉,489)ဦးနှင့် နေ့စဉ် ပျမ်းမျှအတွင်းလူနာ (၁,၃၀၀) ကျော်တို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကိုယ်ဝန် ဆောင် စောင့်ရှောက်မှု(၂၀,311)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၂20,၅41)ဦး၊ ရေသန့် ဆေးပြား ဖြန့်ဝေမှု (၃၉၈,352) လုံး၊ ရေတွင်း ရေတွင်း/ရေကန်သန့်စင်ခြင်း (၆,၇59) ကန်၊ ကျန်းမာရေး အသိပညာပေးခြင်း (၂၂,593)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၁၄6,264) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပါသည်။

သောက်သုံးရေဖြန့်ဝေထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၄)စီး၊ Mobile Solar စနစ် (၂၀)စုံ၊ ရေသန့်စင်ပုံးLife-Straw (၄၁၀) ပုံးတို့ဖြင့် တစ်နေ့တာ ရေပေး ဝေသည့်ဂါလံ (၁1,175) ဖြင့် ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၁,၆44,901)ဂါလံ ရှိပါသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်များအနက် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊  ကော်မတီဖွဲ့စည်းခြင်းတို့ကို ကျေးရွာ (၁၀၀) ရွာတွင် ဆောင်ရွက်လျက်ရှိပြီး  ရန်ပုံငွေကျပ် (၁,၅၁၅) သန်းဖြင့် ကျေးရွာ (၁၀၁) ရွာတွင် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းလုပ်ငန်းစဉ်အရ သင်တန်းပို့ချခြင်းကို ကျေးရွာ (၃၈) ရွာတွင် ဆောင်ရွက်ပြီးဖြစ်ပါသည်။

ကျေးရွာစီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်၍ ၂၀၂၃-၂၀၂၄ တွင် စုစုပေါင်းကျေးရွာ (၆) ရွာရွေးချယ်အတည်ပြု၍ စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး သာယာကုန်း(ကမန်) ကျေးရွာတွင် မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) လွှဲပြောင်းပြီးဖြစ်ပါသည်။

မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ (၁၀) ရွာတွင် စီမံကိန်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး၊ ဒေါ်ပွေးခုံကျေးရွာ၊ ပျားလည်ချောင်း (ရွာဟောင်း)၊ မြန်မာဘုတ်ချောင်း၊ တောင်မကျေးရွာ၊ ဆင်ကူး (၂)၊ သကြားစက်၊ ငရန့်ချောင်းနှင့် ကန်စောက်ကျေးရွာတို့ရှိ အိမ်ထောင်စု (၄၈၆) စုအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းတို့အတွက် အရင်းအနှီး အဖြစ် ငွေကျပ် (၁၈၇) သန်းကို ထုတ်ချေးခဲ့ပါသည်။ ကျန်ရှိနေသည့် ကျေးရွာ (၂) ရွာအနက် (၁) ရွာ၌ ချေးငွေ လျှောက်လွှာများ ခေါ်ယူပြီးစီးခဲ့ပြီးဖြစ်ပါသည်။

ရေငန်တားတာပြင်ဆင်ပြီးစီးမှုအနေဖြင့် ကုလားပုန်းကျွန်းတာ၊ ငမန်းရဲကျွန်းတာ အပိုင်း (၁) နှင့် အပိုင်း (၂)၊ ခြံပြင်တာ၊ တန်းခိုးရေငန်တားတာ၊ ကျီးကျွန်းရေငန်တားတာနှင့် ဝါဘိုလယ်သမားတာ ပြုပြင်ခြင်းလုပ်ငန်းများကို (၁၀၀%) ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အားပြန်လည်အသုံးပြုနိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီး အသုံးပြုနိုင်ပြီးဖြစ်ပါသည်။ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မအီ၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် တစ်မြို့နယ်လုံးအနေဖြင့် လျှပ်စစ်မီး ရရှိသုံးစွဲနေပြီဖြစ်ပါ သည်။

မိုးစပါးထွန်ယက်ပြီးစီးမှုအနေဖြင့် ထွန်စက်ကြီး (၈၀)စီးဖြင့်  စိုက်ပျိုးမြေဧက (၁၄,၁၇၁) ဧကကို ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ပါသည်။

တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုအနေဖြင့်  ကျွဲ/နွား အကောင်ရေ (၈,၈၇၉) ကောင်၊ ဝက် (၁၉၆) ကောင်နှင့် ကြက် (၁,၄၀၀) ကောင်တို့ကို ထိုးနှံပေးနိုင်ခဲ့ပါသည်။

မျိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားစိုက်ဧက (၁,၀၀၂,၀၀၄)၊ မြေပြင်ပြီးဧက (718,314) (71.6၉%)၊ ပျိုးထောင်ပြီးဧက (၃5၆,050)၊ စိုက်ပျိုးပြီးဧက (၄78,525) (၄7.76%)နှင့် ဓာတ်မြေဩဇာဖြန့်ဖြူးမှု (၄5,063) အိတ်တို့ကို ဖြန့်ဖြူးခဲ့ပြီးဖြစ်ပါသည်။

မြေသားရေကန်များပြုပြင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၃၃) ကန်ကို ပြုပြင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးကဏ္ဍအတွက် ၈၉%နှင့် ပညာရေးကဏ္ဍတို့အတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၅%၊ အဆင့်မြင့်ပညာအဆင့် ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၂ % ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၃,၅၃၀) လိပ်၊ (၁,၂၅၃)ထုပ်၊ (၂၃၇) စ၊ မိုးကာတဲ(၄,၆၀၆)လုံး၊ သွပ် (၆၄၁,၇၂၈)ချပ်၊ သွပ်သံ (၆၄.၀၆၀)တန်၊ အိမ်ရိုက်သံ (၇၆.၉၆၆)တန်၊ ခေါက်ဆွဲ ခြောက် (၃၅၉,၇၅၃) ထုပ်/ (၅၀၉)ကီလို/(၃,၆၃၁)ဖာ၊ ဆန် (၂၀၆,၈၁၃)အိတ်၊(၆၀၁.၄၆၇)တန်၊ ခေါင်အုပ် (၁၂,၀၆၀) ပေနှင့် သစ်ခွဲသား/ပင်ကျပ်တိုင် (၃,566.2614)တန် စစ်တွေမြို့သို့ရောက်ရှိပြီးဖြစ်ကာ ရန်ကုန်တွင်အသင့်ရှိ (၅1.၇)တန်တို့ကို ပြင်ဆင်ထားရှိပြီး ချင်းပြည်နယ်သို့ ဆန် (၁,၁၂၀)အိတ် ပို့ဆောင်ထားပြီးဖြစ်ပါသည်။

 

 

 

Sign Up

Upcoming Events