လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၃)ရက်နေ့မှ (၂၉-၇-၂၀၂၃)ရက်နေ့ထိ “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း” အမှတ်စဉ် (၁/၂၀၂၃) အား မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ သူနာပြုကျောင်းအုပ်ဆရာမကြီး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဥက္ကဌ၊ ဌာနဆိုင်ရာမှ သင်တန်းသား/သူများ၊ စုစုပေါင်း (၅၀)ဦးတို့ဖြင့် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#ayy_jul2023
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)