ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာအုပ်စု၊ အကွက်အမှတ်(၈)၌ ကြိုတင်ပြောင်းရွေ့နေအိမ်များအား ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၇-၂၀၂၃)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာအုပ်စု၊ အကွက်အမှတ် (၈)၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပေါ်မြေပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့သည့် လူနေအိမ် (၇)လုံးနှင့် အိမ်ထောင်စု (၇)စုရှိ လူဦးရေ (၂၈)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၅၈၈၀ဝ/-)ကျပ်အား (၂၀-၇-၂၀၂၃) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_lsd

#mon_jul2023

Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events