ကျောင်းကုန်းမြို့နယ်(ဆိပ်သာ၊လှေကွဲလဟာ) အုပ်စုနှင့် (မကျီးပင်ကွင်း၊ဖုန်းဆိုး၊ထောက်ရှာ၊မိုးမခ)ကျေးရွာအုပ်စုတို့တွင်ဖြစ်ပွားခဲ့သော လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ် (ဆိပ်သာ၊လှေကွဲလဟာ)အုပ်စု၌ (၁၃-၅-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြို ကျနေအိမ်(၁) လုံးနှင့် အမိုးလန်နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁၂၀,၀၀ဝ/-) အိမ်ထောင်စု(၂)စုမှ လူဦးရေ(၃) ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၆,၃၀ဝ/-)  စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ်(၁၂၆,၃၀၀/)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁) ပုံးနှင့် ကျောင်း ကုန်းမြို့နယ်(မကျီးပင်ကွင်း၊ဖုန်းဆိုး၊ထောက်ရှာ.၊မိုးမခ)ကျေးရွာအုပ်စုတို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၃)လုံး၊ အမိုးလန်နေအိမ်( ၄) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး( ၃၈၀,၀၀ဝ/-)အိမ်ထောင်စု (၇)စုမှ လူဦးရေ( ၁၉)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၉၉၀ဝ/-).စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၁၉,၉၀ဝ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု(၃)စုစာတို့အား ( ၁၄-၅-၂၀၂၃)ရက်နေ့ (၁၄း၂၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_may2023

Source: ရေကြည်မြို့နယ် ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events