လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၂၃)ရက်နေ့၌ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော လေဘေးတွင် ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာ (၁၆)ရွာတို့၌ ပျက်စီးလူနေ အိမ်(၁၅)လုံး၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် အမိုးလန်လူနေအိမ်(၁၂၁)လုံးတို့အတွက် ကျောင်း/အိမ် ဆောက်လုပ်ရန် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၈၈၅၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၁၂၁)စုရှိလူဦးရေ (၅၀၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၀၅၄၂၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၉၃၉၂၀ဝိ/-)ကျပ်နှင့် ပြိုလဲ နေအိမ်(၁၅)လုံးရှိအိမ်​ထောင်စု(၁၅)စုတို့အတွက် လေးထောင့်ပလတ်စတစ်ပုံးအပါအဝင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါဝင်သော ပုံး(၁၅)ပုံးနှင့် စက္ကူပုံး(၁၅)ပုံးတို့အား (၂၉-၃-၂၀၂၃) ရက်နေ့၊(၁၃:၀၀) နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

 

 

#ha_sgw

#bgo_mar_2023

Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events