မီးဘေးထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာအုပ်စု၊ အောင်သ‌ပြေကျေးရွာအနီး (၂၇-၃-၂၀၂၃)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် တောမီးလောင်ကျွမ်းခဲ့ရာမှ အောင်သ‌ပြေကျေးရွာရှိနေအိမ်(၁)လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ပါသဖြင့် မီးဘေးကြောင့် လုံးဝပျက်စီးဆုံးရှုံးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့‌ငွေ(၁၁၀,၅၀ဝိ/-) နှင့်(၄၈,၅၁၁/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါထောက်ပံ့ပစ္စည်းပုံး(၁)ပုံးတို့အား (၂၉-၃-၂၀၂၃) ရက်နေ့၊(၀၉:၀၀)နာရီအချိန်တွင် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir

#npt_mar_2023
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events