လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၌ (၈-၃-၂၀၂၃) ရက်နေ့၊ (၀၆:၃၂) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ (၁၄,၇ဝဝ/-)၊ စုစုပေါင်းထောက်ပံငွေ (၆၄,၇၀၀/-)ကျပ်တို့အား (၁၀-၃-၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် မြင်းခြံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#mdy_mar2023