ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီး​ထောင့်မြို့နယ်၊ လိပ်ကမ္ဘာ​ကျေးရွာအုပ်စု၊ ၀ဲ​ချောင်း​ကျေးရွာတွင် (၁၅.၁၁.၂၀၂၂)ရက်​နေ့၌ ကမ်းပြို​ဘေးဖြစ်ပွားမှု​ကြောင့် ​မျောပါပျက်စီးသွားခဲ့​သော (ဓနိမိုး/ ကာ၊ ဝါးခင်း)​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၁၀၀,၀၀ဝိ/-)၊ ​အိမ်​ထောင်စု(၁)စုမှ ​ဘေးသင့်လူဦး​ရေ(၂)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၄,၂၀ဝိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ် (၁၀၄,၂၀ဝိ/-)တိတိနှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ(၁) ပုံး(စက္ကူပုံးပါ)(၄၆,၀၃၆/-)တို့အား (၁၈-၁၁-၂၀၂၂) ရက်​​နေ့တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ​ရှေ့​မှောက်၌ ​ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#aya_nov2022

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events