လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၁-၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်းပြုလုပ်သော (Quick – Win Project) ၌ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၂၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဘောလ်ပင်များဝေငှပေးခြင်းနှင့် ဗွီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_Nov2022
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)