ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ကိုကာကိုလာ မြန်မာကုမ္မဏီနှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ယက်အဖွဲ့တို့မှ လာရောက်တွေ့ဆုံခြင်းနှင့် စတုတ္ထအကြိမ်မြောက် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီး စွမ်းပကား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးတက်ရောက်မှု သတင်း

m11

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် အောက်တိုဘာလ ၂၄ရက်နေ့‌၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား  ကိုကာကိုလာ မြန်မာကုမ္မဏီမှ အထွေထွေမန်နေဂျာ၊ ဖြစ်သူ Mr. Rehan Khan ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကိုကာကိုလာ မြန်မာကုမ္မဏီမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လုပ်ကိုင်ခဲ့သည့် (၄)နှစ် တာကာလအတွင်း Cooperate Social Responsibility (CSR) နှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့ အစည်းဖြစ်သည့် PACT in Myanmar အဖွဲ့နှင့် ပူးပေါင်း၍ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသ အချို့တွင်လည်းကောင်း၊ ရေနှင့်သန့်ရှင်းရေး ဆိုင်ရာကိစ္စရပ်များကိုရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင်လည်ကောင်း၊ သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်၍ ကူညီထောက်ပံ့ မှုများကိုလည်းလုပ်ဆောင်ပေးခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှလည်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော သက်ကြီးရွယ်အို ကိစ္စရပ်များ၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပေါ်နေကလေးသူငယ်များဆိုင်ရာ ကိစ္စရပ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အလားတူ ‌နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား ကျား၊ မ ရေးရာ တန်းတူညီမျှ ရေးကွန်ယက်အဖွဲ့မှ ဒါရိုက်တာ ြဖစ်သူ ဒေါ်မေစပယ်ဖြူ ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေ များ၊ CEDAW အစီရင်ခံစာများနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များ၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ယက်အဖွဲ့မှ ရှေ့ဆက် ဆောင်ရွက်မည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များတွင် ဝန်ကြီးဌာနမှ ပူးပေါင်းကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ နေ့လည်(၁၃း၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးစုပေါင်းရုံးအစည်းအဝေးခန်းမ၌ စတုတ္ထ အကြိမ်မြောက် ကျား/မ တန်းတူ ညီမျှရေးနှင့်အမျိုးသမီးစွမ်းပကားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့  Gender Equality and Women Empowerment Sector  Working  Group (GEWE-SWG)အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ယနေ့ကျင်းပပြုလုပ်သောအစည်းအဝေးမှာ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂) အကောင် အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းစီမံကိန်းများကို စနစ်တကျညှိနှိုင်းဖော်ဆောင် သွားကြရန်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်၊ဇန်နဝါရီလ(၈)ရက်နေ့တွင် UN CEDAWကော်မတီသို့ တင်သွင်းခဲ့သော စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ် ပူးတွဲအစီရင်ခံစာ အရ အဆိုပါကော်မတီမှ အကြံပြုချက် (၅၆) ချက် ပေးပို့လာပါကြောင်း၊ အဆိုပါအကြံပြုချက် များထိရောက်စွာ ရေးသား‌ြေဖဆိုနိုင်ရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂) အကောင်အထည် ဖော်ဆောင်ရွက်ရမည့် အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယင်းသို့အကောင် အထည်ဖော်နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများမှ နည်းပညာနှင့် ငွေကြေး အကူညီပေးခြင်း၊ အရပ်ဖက်အမျိုးသမီးအဖွဲ့့အစည်းများမှ အမျိုးသမီးများအတွက် အဓိကလိုအပ်သောမူဝါဒများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီခြင်းတို့ဖြင့် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့က နေပြည်တော်တွင်  မိတ်ဆက်ဖြန့်ချီခဲ့သည့် မြန်မာနိုင်ငံ၏ ကျား/မ ရေးရာတန်းတူညီမျှခြင်းနှင့် အမျိုးသမီး များ၏အခွင့်အရေးဆိုင်ရာ အ‌ြေခအနေဆန်းစစ်မှု (Gender Equality and Women’s Rights  in MYANMAR: A Situation Analysis ) သည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင်‌့ မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)၏ အောင်ြမင်မှုဖြစ်ပြီး စဥ်ဆက်မပြတ်ဖွွံ့ဖြိုးမှုပန်းတိုင်များမှာပါတဲ့  ဦးတည်ချက်တွေကို ဆောင်ရွက်ရာ မှာ အထောက်အကူပြုကြောင်း၊ SDG ရဲ့ပန်းတိုင် (၁၇)ခုမှာ အမှတ်စဥ် (၅)ဖြစ်သည့် ကျား/မ တန်းတူညီမျှမှုရရှိရေးနှင့်  အမျိုးသမီးများ ၊အမျိုးသမီးငယ်ရွယ်များ အားလုံး စွမ်းပကားတိုးမြှင့်စေရေးသည် အမျိုးသမီးများ၊ အမျိုးသမီးငယ်ရွယ်များအားလုံး   အလုပ်အကိုင်အခွင့်အလမ်းမှစ၍  ကဏ္ဍပေါင်းစုံတွင် ကျား/မ မခွဲခြားဘဲ တန်းတူညီမျှ အခွင့်အလမ်း ရရှိစေမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးရရှိစေရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၏ လုပ်ငန်း ဧရိယာ များကို  ဆက်စပ်ဝန်ကြီးဌာနများ၊  ကုလသမဂ္ဂနှင့်နိုင်ငံတကာဖွံ့ဖြိုး တိုးတက်မှု မိတ်ဖက်အဖွဲ့ အစည်းများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း အကောင်အထည် ဖော်  ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ‌ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်မှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ UN အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events