လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရင်ဆိုင်ကျေးရွာအုပ်စု၊ ရင်ဆိုင်၀ကျေးရွာ၊ ရန်ကုန် – ပုသိမ်ကားလမ်းမ၊(70/0)နှင့် (70/1)အကြားတွင် (၁၃-၈-၂၀၂၂)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်သို့ သစ်ပင်ပြိုလဲမှုကြောင့် ဒဏ်ရာ ရရှိသူ(၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀,၀၀ဝိ/-)တိတိအား (၁၆-၈-၂၀၂၂)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိ သူများ ရှေ့မှောက်၌ မိသားစု၀င်များလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#aya_Aug2022
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)