လေပြင်းဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ တာဝန်ရှိသူများသည် (၅-၈-၂၀၂၂)ရက်နေ့တွင်  မြိတ်မြို့နယ်၊ မြိတ်တောင် ကျေးရွာအုပ်စု၊ ဘုတ်ချောင်းရပ်၊ ချမ်းအေး(၂)လမ်းတွင် ဖြစ်ပွားခဲ့သောလေဘေး၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် လေဘေးသင့်သည့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၆)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၁၂,၆ဝဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၁၂,၆၀၀/-)ကျပ်နှင့် လေဘေးသင့်အိမ်ထောင်စု(၁)စုအတွက် (၄၆,၀၃၆/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၁)ပုံးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်နှင့်အတူ (၅-၈-၂၀၂၂)ရက် နေ့ (၁၆:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_sgw

#tny_Aug2022

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events