လပွတ္တာမြို့နယ်အတွင်းရှိ မုန်တိုင်းဘေးသင့်နိုင်သည့်နေရာများမှ ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရာချပေးမှု သတင်း

(၂၃-၁၀-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရာ ဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့် ဌာနများနှင့် ပူးပေါင်း၍ မုန်တိုင်းဘေးသင့်နိုင်သည့် လူဦးရေ (၂၆၉၃) ဦးကို လပွတ္တာ မြို့နယ်အတွင်းရှိ ဘေးလွတ်နိုင်သည့်နေရာများသို့ ပြောင်းရွေ့နေရာချပေးခဲ့ကြောင်း သိရှိရပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events