သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၇-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့ အ.ထ.က(၂)စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့အား သဘာဝဘေးအသိပညာဗဟုသုတတိုးပွားစရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာပေးခြင်းတို့ကို (၁ဝး၀၀) နာရီ အချိန်မှ (၁၂း၀၀)နာရီအချိန်ထိ ဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_jul2022

Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events